တရားမ၀င္ တပ္မဟာ ၂ ခု ထပ္မံဖြင့္လွစ္လိုက္တဲ့ KIA

0
133

တရားမ၀င္ တပ္မဟာ ၂ ခု ထပ္မံဖြင့္လွစ္လိုက္တဲ့ KIA
===================================

KIO/KIA ရဲ႕ တပ္ဌာနခ်ဳပ္ေတြကို ေနာက္ဆုတ္ေပးဖို႔ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ ဦးစီးတဲ့ အစိုးရတာ၀န္ရွိသူေတြနဲ႔ KIO ေခါင္းေဆာင္ အင္ဘန္လတို႔ ျမန္မာ – တ႐ုတ္ နယ္စပ္မွာ ေတြ႕ဆံုေဆြးေႏြးခဲ့ပါတယ္….

ေဆြးေႏြးပြဲမွာ KIA အေနနဲ႔ ရင္း ၁၄ အပါအ၀င္ အျခားေသာ တရားမ၀င္တဲ့ စခန္းေတြနဲ႔ တပ္မဟာေတြကို ျဖဳတ္သိမ္းဖို႔နဲ႔ ထပ္မံၿပီး တပ္မဟာေတြ တရားမ၀င္ ဖြဲ႕စည္းျခင္း မျပဳလုပ္ဖို႔ သတိေပးခဲ့ပါတယ္…

ဒါေပမယ့္ KIA ဘက္ကေတာ့ လိုက္နာျခင္းမရွိခဲ့သလို တပ္မဟာ(၂)ခုကို ဇန္နဝါရီလ ၂၆ ရက္ေန႔က ဖြင့္လွစ္ေပးခဲ့ေသာ္လည္း ေဖေဖာ္ဝါရီလ ၇ ရက္ေန႔ေရာက္မွ တပ္မဟာ(၉)နဲ႔ တပ္မဟာ(၁၀)ကို တရားမ၀င္ တိုးခ်ဲ႕ဖြင့္လွစ္လိုက္တယ္ ဆိုတဲ့အေၾကာင္းကို ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္…

တပ္မဟာ(၉)ကေတာ့ ဥ႐ုဆိုင္းေမာ္နယ္ဘက္မွာ ျဖစ္ၿပီး တပ္မဟာ(၁၀) ကေတာ့ ကခ်င္ျပည္နယ္ ေတာင္ပိုင္းဘက္မွာ ျဖစ္ပါတယ္…

လက္ရွိ လူအင္အားကေတာ့ ၁၀ ဂဏန္း ေက်ာ္ေက်ာ္သာျဖစ္ၿပီး အျခားေသာ တပ္မဟာေတြက လူေတြကို ဆြဲထုတ္ၿပီး တာ၀န္ေပးအပ္ ထားတာ ျဖစ္ပါတယ္…

ႀကိဳတင္သတိေပးခ်က္ကို လိုက္နာျခင္းမရွိဘဲ အခုလို တရားမ၀င္ တပ္မဟာ(၂)ခုကို ထပ္မံတိုးခ်ဲ႕လိုက္ျခင္းဟာ KIA အေနနဲ႔ ကိုယ့္ေသတြင္းကို ကိုယ္တူးတာနဲ႔ အတူတူပါပဲ …

တပ္မေတာ္ဘက္ကေတာ့ ႀကိဳတင္သတိေပးမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ လိုက္နာျခင္းမရွိတဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြကိုေတာ့ မၾကာခင္ ဆံုးမသြားမွာ ျဖစ္တဲ့အေၾကာင္း ႀကိဳတင္သတိေပးလိုက္ပါတယ္…။

Unicode

တရားမဝင် တပ်မဟာ ၂ ခု ထပ်မံဖွင့်လှစ်လိုက်တဲ့ KIA
===================================

KIO/KIA ရဲ့ တပ်ဌာနချုပ်တွေကို နောက်ဆုတ်ပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးစီးတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ KIO ခေါင်းဆောင် အင်ဘန်လတို့ မြန်မာ – တရုတ် နယ်စပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်….

ဆွေးနွေးပွဲမှာ KIA အနေနဲ့ ရင်း ၁၄ အပါအဝင် အခြားသော တရားမဝင်တဲ့ စခန်းတွေနဲ့ တပ်မဟာတွေကို ဖြုတ်သိမ်းဖို့နဲ့ ထပ်မံပြီး တပ်မဟာတွေ တရားမဝင် ဖွဲ့စည်းခြင်း မပြုလုပ်ဖို့ သတိပေးခဲ့ပါတယ်…

ဒါပေမယ့် KIA ဘက်ကတော့ လိုက်နာခြင်းမရှိခဲ့သလို တပ်မဟာ(၂)ခုကို ဇန်နဝါရီလ ၂၆ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ ၇ ရက်နေ့ရောက်မှ တပ်မဟာ(၉)နဲ့ တပ်မဟာ(၁၀)ကို တရားမဝင် တိုးချဲ့ဖွင့်လှစ်လိုက်တယ် ဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်…

တပ်မဟာ(၉)ကတော့ ဥရုဆိုင်းမော်နယ်ဘက်မှာ ဖြစ်ပြီး တပ်မဟာ(၁၀) ကတော့ ကချင်ပြည်နယ် တောင်ပိုင်းဘက်မှာ ဖြစ်ပါတယ်…

လက်ရှိ လူအင်အားကတော့ ၁၀ ဂဏန်း ကျော်ကျော်သာဖြစ်ပြီး အခြားသော တပ်မဟာတွေက လူတွေကို ဆွဲထုတ်ပြီး တာဝန်ပေးအပ် ထားတာ ဖြစ်ပါတယ်…

ကြိုတင်သတိပေးချက်ကို လိုက်နာခြင်းမရှိဘဲ အခုလို တရားမဝင် တပ်မဟာ(၂)ခုကို ထပ်မံတိုးချဲ့လိုက်ခြင်းဟာ KIA အနေနဲ့ ကိုယ့်သေတွင်းကို ကိုယ်တူးတာနဲ့ အတူတူပါပဲ …

တပ်မတော်ဘက်ကတော့ ကြိုတင်သတိပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လိုက်နာခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုတော့ မကြာခင် ဆုံးမသွားမှာ ဖြစ်တဲ့အကြောင်း ကြိုတင်သတိပေးလိုက်ပါတယ်…။

LEAVE A REPLY

Please enter your comment!
Please enter your name here