
Posted on







Ko Phyo

ဘုရားငါးတွေ လိပ်တွေကို ဘယ်လိုကယ်တင်ကြမလဲ..

မယ်လမုဘုရားရောက်တော့ စိတ်မချမ်းသာစရာတွေကို တွေ့လိုက်ရတယ်..ရှင်ဥပဂုတ္တကန်ထဲမှာ အမှိုက်တွေ၊ရေညှိတွေနဲ့ ရေတွေညစ်ပတ်ပြီး ငါကြီးတွေသေနေကြတယ်၊

ငါးတွေကရေပေါ်မှာ ပေါလော ပေါ်ပြီးသေနေကြလို့ …အနံအသက်လည်းမကောင်းဘူး.ရေတွေညစ်ပတ်ပြီး အောက်ဆီဂျင်ပျက်လို့ သေတာလို့ထင်တယ်၊ရေတွေပုပ်နေလို့ ရောဂါနဲ့သေတာလည်းပါတယ်..

ကန်ရှေ့မှာ ငါးလေးတွေလွှတ်မလား၊ ငါးးစာကျွေးမလားလို့ အော်နေတဲ့အဒေါ်ကြီးကို ရေတွေ ဘာလို့မသန့်တာလဲလို့ မေးကြည့်တော့ ချောင်းနဲ့ဆက်နေလို့တော့ပြောတယ်။

ဒီကန်ထဲမှာ နှစ်ချို့ငါးခူ၊ငါးရံကြီးတွေနဲ့လိပ်တွေရှိသေးတယ် . .ဒီအတိုင်းဆက်ထားရင် ကျန်တဲ့ငါးတွေလည်းသေမှာ.
ဒီကန်ထဲက ငါးတွေလိပ်တွေကို ဘယ်လိုကယ်တင်ကြမလဲ…

ဘုရားတွေမှာရှိတဲ့ ငါးကန်၊လိပ်ကန်တွေတော်တော်များများက ရေမသန့်တာနဲ့ အောက်ဆီဂျင်ပျက်ပြီး သေကုန်ကြတယ်၊ဘုရားကန်တွေမှာရှိတဲ့ငါးတွေက ဒုက္ခခံဖို့ ၊ရောဂါတွေနဲ့ သေဖို့ရောက်လာတာလား…ဘုရားငါးတွေ၊ လိပ်တွေကို ဘယ်လိုကယ်တင်ကြမလဲ..

Ko Phyo