အဖြားျဖစ္ေနတဲ့ နွလံုးေသြးေႀကာက်ဥ္းေရာဂါ လက္ေတြ႕သက္သာေပ်ာက္ကင္းတဲ့ ေဆးနည္းေလး ေဝမွ်ေပလိုက္ပါတယ္…!

Posted on

ေဆးနည္းေလးမၽွေဝေပးမယ္ေနာ္။ အမွန္ေတာ့ မတင္ခ်င္ပါဘူး။ အဖြားျဖစ္ေနတဲ့ေရာဂါလူသိမွာစိုးလို႔မတင္ခ်င္ပါဘူး။ ေဆးနည္းေလးမၽွေဝေပးမယ္ေနာ္။ အမွန္ေတာ့ မတင္ခ်င္ပါဘူး။ အဖြားျဖစ္ေနတဲ့ေရာဂါလူသိမွာစိုးလို႔မတင္ခ်င္ပါဘူး။

ကိုယ္တိုင္ျဖစ္မွဘယ္ေလာက္ခံရခက္တဲ့ေရာဂါလဲဆိုတာ သိရတယ္။ ကိုယ့္လိုေရာဂါတူ မိတ္ေဆြေတြကိုလည္းကိုယ္ျခင္းစာမိတယ္။

ဒါ့ေၾကာင့္ကုသိုလ္ယူတဲ့အေနနဲ႔ေဆး နည္းေလးမၽွေဝပါတယ္ရွင္။ ေဆးနည္းမညြန္းမွီ ေရာဂါအေျခေနခန႔္မွန္းလို႔ရေအာင္ အရင္ေျပာျပမယ္ေနာ္။ လြန္ခဲ့တဲ့ ရက္ ၂၀ က အသက္ရွုမဝဘူး။

၃ ရက္ေျမာက္ေန႔ပိုဆိုးလာတယ္။ ဒါနဲ႔အေျခေနမေကာင္းလို႔ ေဆး႐ုံသြားရေတာ့တယ္။

အာရွေတာ္ဝင္ေဆး႐ုံနဲ႔ ဖြားအိမ္နဲ႔က လမ္းေလ်ာက္သြားရင္ ၅မိနစ္ဘဲ။အျမန္လိုလို႔ ကားနဲ႔သြားတာ ၁၅ မိနစ္ၾကာတယ္။ ကားပိတ္တာေလ။ ကားေပၚမွာတင္ အသက္ရွုက်ပ္ၿပီး ျပာနမ္းသြားတယ္။ Emergency ေရာက္။ လိုအပ္တာစစ္ၿပီး ႏွလုံးအထူးကုဆရာဝန္ႀကီးပါေမာကၡဦး—- နဲ႔ကုသမွု႔ခံယူတယ္။

ဖြားက ႏွလုံးေသြးေၾကာ ၂ေခ်ာင္းက်ဥ္းေနတာ။ ႏွလုံးခုန္ႏွုန္းကလဲ ၅၀ေအာက္သာထိုးက်ခ်င္ေနတယ္။ ကုသမွု႔ ၅ရက္ထိအေျခေနကတိုးတက္မလာဘဲ ပါးစပ္ဟၿပီးေလရွုေနရတယ္။

ဆရာဝန္ႀကီးကစိုးရိမ္ရတဲ့အေျခေနမဟုတ္ဘူးတဲ့ လူကအေမာေဖာက္ေနၿပီ ပါးစပ္ဟၿပီးရွုတဲ့ရက္ကမ်ားလာေတာ့ ရင္ဘက္ေတြပါနာ စကားေျပာလဲေမာ အသက္ရွုလဲေမာ ဘာမွကိုမလုပ္နိုင္ေတာ့တာ။ ေသမွာလဲေၾကာက္တယ္။

ဒါနဲ႔ အင္တာနက္ထဲေဆးနည္းေတြရွာၾကည့္တယ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါလို႔ရိုက္ထည့္ၿပီးရွာလိုက္တာေဆးနည္းေတြအမ်ားႀကီးဘဲေတြ႕တယ္။ေဆးနည္းအမ်ားႀကီးထဲကမွ တစ္ခုကိုေရြးလိုက္တယ္။

ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ ႂကြက္နားရြက္မွိုေျခာက္ လက္တစ္ဆုတ္ တ႐ုတ္ဆီးသီးေျခာက္ ၅လုံး ဂ်င္းလက္တဆစ္ ဆားအနည္းငယ္ေရဖန္ခြက္နဲ႔ ၃ခြက္ ၁ ခြက္တင္က်ိဳ မနက္တစ္ခါေသာက္ ညေနတစ္ခါ ထပ္ျပဳတ္ၿပီး ညတခါေသာက္ျပဳတ္ရည္ ၂ခါယူပါတယ္။

အဖတ္ကိုေတာ့စားနိုင္ရင္စား ဖြားေတာ့မစားနိုင္လို႔အရည္ဘဲေသာက္တယ္။ ၁၅ ရက္ေသာက္ေပးရပါမယ္။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါအတြက္ ယူျပစ္သလို သက္သာေပ်ာက္ကင္းေစတာ ကိုယ္ေတြ႕ပါေနာ္။ ခုမေမာေတာ့ဘူး။ အသက္ရွုလဲဝဝလင္လင္ဘဲ။

ႏွလုံးခုန္ႏွုန္းေတာင္ ရ၀ေက်ာ္ထိတက္လာတယ္။ ပုံမွန္နီးပါးေနလို႔ေကာင္းပါၿပီ။ ေငြမကုန္ လူမပန္းဘဲ လက္ေတြ႕သက္သာေပ်ာက္ကင္းတဲ့ ေဆးနည္းေလး မို႔မၽွေဝလိုက္ပါတယ္။ ေရာဂါတူမိတ္ေဆြမ်ား သက္သာေပ်ာက္ကင္းၾကပါေစ။

ေမတၱာျဖင့္။ ။

Credit Pk and OEMT

Unicode version

ဆေးနည်းလေးမျှဝေပေးမယ်နော်။ အမှန်တော့ မတင်ချင်ပါဘူး။ အဖွားဖြစ်နေတဲ့ရောဂါလူသိမှာစိုးလို့မတင်ချင်ပါဘူး။ ဆေးနည်းလေးမျှဝေပေးမယ်နော်။ အမှန်တော့ မတင်ချင်ပါဘူး။ အဖွားဖြစ်နေတဲ့ရောဂါလူသိမှာစိုးလို့မတင်ချင်ပါဘူး။

ကိုယ်တိုင်ဖြစ်မှဘယ်လောက်ခံရခက်တဲ့ရောဂါလဲဆိုတာ သိရတယ်။ ကိုယ့်လိုရောဂါတူ မိတ်ဆွေတွေကိုလည်းကိုယ်ခြင်းစာမိတယ်။

ဒါ့ကြောင့်ကုသိုလ်ယူတဲ့အနေနဲ့ဆေး နည်းလေးမျှဝေပါတယ်ရှင်။ ဆေးနည်းမညွန်းမှီ ရောဂါအခြေနေခန့်မှန်းလို့ရအောင် အရင်ပြောပြမယ်နော်။ လွန်ခဲ့တဲ့ ရက် ၂၀ က အသက်ရှုမဝဘူး။

၃ ရက်မြောက်နေ့ပိုဆိုးလာတယ်။ ဒါနဲ့အခြေနေမကောင်းလို့ ဆေးရုံသွားရတော့တယ်။

အာရှတော်ဝင်ဆေးရုံနဲ့ ဖွားအိမ်နဲ့က လမ်းလျောက်သွားရင် ၅မိနစ်ဘဲ။အမြန်လိုလို့ ကားနဲ့သွားတာ ၁၅ မိနစ်ကြာတယ်။ ကားပိတ်တာလေ။ ကားပေါ်မှာတင် အသက်ရှုကျပ်ပြီး ပြာနမ်းသွားတယ်။ Emergency ရောက်။ လိုအပ်တာစစ်ပြီး နှလုံးအထူးကုဆရာဝန်ကြီးပါမောက္ခဦး—- နဲ့ကုသမှု့ခံယူတယ်။

ဖွားက နှလုံးသွေးကြော ၂ချောင်းကျဉ်းနေတာ။ နှလုံးခုန်နှုန်းကလဲ ၅၀အောက်သာထိုးကျချင်နေတယ်။ ကုသမှု့ ၅ရက်ထိအခြေနေကတိုးတက်မလာဘဲ ပါးစပ်ဟပြီးလေရှုနေရတယ်။

ဆရာဝန်ကြီးကစိုးရိမ်ရတဲ့အခြေနေမဟုတ်ဘူးတဲ့ လူကအမောဖောက်နေပြီ ပါးစပ်ဟပြီးရှုတဲ့ရက်ကများလာတော့ ရင်ဘက်တွေပါနာ စကားပြောလဲမော အသက်ရှုလဲမော ဘာမှကိုမလုပ်နိုင်တော့တာ။ သေမှာလဲကြောက်တယ်။

ဒါနဲ့ အင်တာနက်ထဲဆေးနည်းတွေရှာကြည့်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါလို့ရိုက်ထည့်ပြီးရှာလိုက်တာဆေးနည်းတွေအများကြီးဘဲတွေ့တယ်။ဆေးနည်းအများကြီးထဲကမှ တစ်ခုကိုရွေးလိုက်တယ်။

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ကြွက်နားရွက်မှိုခြောက် လက်တစ်ဆုတ် တရုတ်ဆီးသီးခြောက် ၅လုံး ဂျင်းလက်တဆစ် ဆားအနည်းငယ်ရေဖန်ခွက်နဲ့ ၃ခွက် ၁ ခွက်တင်ကျို မနက်တစ်ခါသောက် ညနေတစ်ခါ ထပ်ပြုတ်ပြီး ညတခါသောက်ပြုတ်ရည် ၂ခါယူပါတယ်။

အဖတ်ကိုတော့စားနိုင်ရင်စား ဖွားတော့မစားနိုင်လို့အရည်ဘဲသောက်တယ်။ ၁၅ ရက်သောက်ပေးရပါမယ်။ နှလုံးသွေးကြောကျဉ်းရောဂါအတွက် ယူပြစ်သလို သက်သာပျောက်ကင်းစေတာ ကိုယ်တွေ့ပါနော်။ ခုမမောတော့ဘူး။ အသက်ရှုလဲဝဝလင်လင်ဘဲ။

နှလုံးခုန်နှုန်းတောင် ရဝကျော်ထိတက်လာတယ်။ ပုံမှန်နီးပါးနေလို့ကောင်းပါပြီ။ ငွေမကုန် လူမပန်းဘဲ လက်တွေ့သက်သာပျောက်ကင်းတဲ့ ဆေးနည်းလေး မို့မျှဝေလိုက်ပါတယ်။ ရောဂါတူမိတ်ဆွေများ သက်သာပျောက်ကင်းကြပါစေ။

မေတ္တာဖြင့်။ ။

Credit Pkand OEMT