“ရန်ကုန်စရောက်တုန်းက ဗမာစကားကို ပြောဖို့ကြောက်တယ် ဆိုတဲ့ #ဝင့်ယမုံနိုင်”

Posted on

မြန်းဆိုတဲ့ ဝင့်ယမုံနိုင်ကတော့ ပရိသတ်ကြီးအားပေးမှုကိုရရှိထားတဲ့ MRTV-4 မင်းသမီးလေး တစ်ယောက်ပဲဖြစ်ပါတယ်။

သူကတော့ တိုင်းရင်းသားတွေထဲက ထားဝယ်သူလေး တစ်ယောက်လဲ ဖြစ်ပါတယ်။ ရန်ကုန် စရောက်တုန်းက ဗမာစကား ပြောရမှာ ကြောက်တယ်ဆိုတဲ့ အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။

“ရန်ကုန် စရောက်တုန်းက မပြောရဲဘူး မပြောတတ်ဘူး ငါပြောလိုက်လို့ မှားသွားရင် ငါ့ကိုလှောင်မလား ရယ်မလား ငါက ရန်ကုန်က မဟုတ်ဘူးဆိုတာ သိသွားမလား ဆိုပြီး တွေးမိတယ်။

လူကြီးတွေက တိုက်ပေါ်ကနေ အောက်မှာ တစ်ခုခုသွားဝယ်ခိုင်းရင် ဒါလေးပေးပါလို့ ပြောရမှာ မပြောရဲဘူး။ စကားတစ်ခွန်းပြောဖို့ ရင်တွေတုန်တယ် နောက်ပိုင်းကြတော့လည်း အဆင်ပြေသွားတာပဲ။

တိုင်းရင်းသားတွေက အသဲဝဲဝဲ လေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ တိုင်းရင်းသားတွေမှာထူးခြားတာတစ်ခုက သူတို့ရိုးရာအစားအစာတွေပဲ။ အဲလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့လည်း ယမုံသဘောကျတယ်။

ဒေသအစားအစာတွေကို ကြိုက်ပါတယ်လို့ ပြောပြထားပြီးတော့

ထားဝယ်သူလေးပီပီ ထားဝယ်ဒေသအကြောင်းကိုလည်း“ ထားဝယ်က ခုတော့လမ်းပန်းဆက်သွယ်ရေးကောင်းနေပြီ။ အရင်တုန်းက ထားဝယ်က လမ်းပန်းဆက်သွယ်ရေးက မငြိမ်းချမ်းသေးတဲ့ ကာလဆိုတော့ ကားလမ်းလာဖို့ကြောက်ကြတယ်။

အခုတော့ လမ်းတွေက အရမ်းကောင်းနေပြီ ယမုံတောင်တခါတလေ ကားလမ်းအတိုင်းသွားတယ်။

ထားဝယ်ကို လာလည်ကြပါ ထားဝယ်မှာပျော်စရာတွေ အများကြီးရှိပါတယ် ကမ်းခြေတွေအများကြီးရှိတယ် လာလည်ဖို့ဖိတ်ခေါ်ပါတယ်“လို့ဆက်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

လာလည်မယ်ဆိုရင်ယမုံ ရှိရင်တော့ ဒေသအစားစားတွေကို အကုန်လိုက်ကျွေးပါ့မယ်လို့လည်း ပြောသွားပါသေးတယ်။

ပရိသတ်ကြီးရေ တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့ ထားဝယ်သူလေး ဝင့်ယမုံနိုင်တို့ ဆီကို အလည်သွားကြမယ်မဟုတ်လား မှတ်ချက်လေးရေးပေးခဲ့ပါဦး။