“တိုင်းရင်းသားတွေဆီက မတူညီတဲ့ ရိုးရာဓလေ့တွေကို ကြိုက်တယ်ဆိုတဲ့ #အေးမြတ်သူ”

Posted on

မမြတ်လေးလို့ခေါ်တဲ့ အေးမြတ်သူကတော့ ပုရိသတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ဘော်ဒီလှတဲ့ မင်းသမီးလေး တစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်ကျင်းပ ပြုလုပ်တဲ့ အာခါရိုးရာ တိုင်းရင်းသားဝတ်စုံများကိုပြသမယ့် ပွဲလေး “YSTONE FASHION & AKHA Traditional Fashion Show” ပွဲကို အေးမြတ်သူအပါအဝင် အနုပညာရှင်ပေါင်း များစွာတက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲပွဲလေးမှာ တိုင်းရင်သားတွေဆီက အတူညီတဲ့ ရိုရာဓလေ့တွကိုကြိုက်တယ် ဆိုတဲ့ အကြောင်း မီဒီယာတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့အဓိကကတော့ လက်မှုပညာဖြစ်တယ်။ ကိုယ်တိုင်လက်နဲ့ ရက်ထားတဲ့ ချည်တွေကို အေးမြတ်သူ သဘောကျတယ်။ ရိုးရာအစဉ်တွေကို ကြိုက်တယ် ပြီးတော့ ချည်နဲ့လုပ်ထားတဲ့ လက်ရက်ကန်းဆင်တွေကိုကြိုက်တယ်။

တိုင်းရင်းသားတွေက သူတို့ဟာသူတို့ ဝါဂွမ်းစိုက်တယ် ဝါဂွမ်းကနေမှ ချည်ရအောင်လုပ်တယ်။ ပြီးတော့မှ ကိုယ်ခြုံမယ့် စောင်တို့အဝတ်တို့ပြန်လုပ်တယ်။ တိုင်းရင်သားတွေက ကိုယ်စိုက်လို့ရတဲ့ဟာနဲ့ကိုယ်သုံးစွဲဖို့လုပ်ကြတယ်။

တိုင်းရင်းသားတွေမှာ မတူညီတဲ့ ရိုးရာအမွေအနှစ်တွေနဲ့ ချစ်ရာကောင်းတဲ့ ရိုရာအမွေအနှစ်တွေ အများကြီးရှိတယ် အဲလိုမျိုးကို အေးမြတ်သူ အရမ်းကြိုက်တယ်။ တချို့ဗမာစကား သိပ့်မတတ်တဲ့ လူတွေဆို တအားချစ်ဖို့ကောင်းတယ်။လူစိမ်းကြောက်တယ် အရှက်လည်းကြီးတယ်လို့ ထင်ပါတယ် လို့ ပြောပြထားပြီးတော့

ရိုးရာဆင်တွေနဲ့ ပတ်သက်ပြီးတော့လည်း“ ရိုးရာဆင်တွေကို နိုင်ငံခြားကလည်း သဘောကျတယ်ထင်တယ်။ နိုင်ငံခြားကလူတွေ ပုံတူယူပြီးတော့ပြုလုပ်နေတာလည်းတွေတော့ အေးမြတ်သူ အရမ်းဂုဏ်ယူရပါတယ်။

သူတို့ဟာတွေက ရိုးရာဆင်တွေက အရမ်းဈေးကြီးတယ်။ ရိုးရာစစ်တယ်ဆို အရမ်းဈေးကြီးတယ် ။ ဘာလို့ဆိုတော့ သူက အရမ်းအချိန်ပေးရတယ်။ ဒါလေးတွေကိုလည်း နောက်ထပ်ပေါ်ထွက်လာစေချင်ပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပရိသတ်ကြီးရော အေးမြတ်သူလို ရိုးရာ ဆင်လေးတွေကြိုက်လားဆိုတာ မှတ်ချက်လေးရေးပေးခဲ့ပါဦး။