လီမင္ဟိုကို… ႀကိဳက္တယ္ဆိုတဲ့… နန္းဆုဦး

Posted on

[Zawgyi Version]
နန္း ဆု ဦး တစ္ေယာက္ ကုိရီးယားမင္းသားေလး လီမင္ဟုိရဲ႕ ပရိသတ္ျဖစ္ေၾကာင္းဝန္ခံေျပာျပလာပါတယ္။ လက္ရွိမွာလည္း ကုိရီးယားႏုိင္ငံက သရုပ္ေဆာင္တစ္ဦးနဲ႔အတူ ရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ကူးေနတာ ေတြ႔ရပါတယ္။

သ ရုပ္ေဆာင္ နန္းဆုဦးကေတာ့ ကုိရီးယားမင္းသားေခ်ာေလး လီမင္ဟုိရဲ႕ ပရိသတ္တစ္ေယာက္ပါတဲ့။ ဒါေပမယ့္ လက္ရွိရုိက္ကူးေနတဲ့ ‘’ ရင္ဝွက္အကၡရာ’’ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ကုိရီးယားမင္းသားတစ္ဦးနဲ႔ တြဲသရုပ္ေဆာင္ရမွာမုိ႔ ဝမ္းသာေနတယ္လုိ႔ မီဒီယာအင္တာဗ်ဴးေတြကေန ေျပာျပခဲ့ပါတယ္။

မိန္းကေလးေတာ္ေတာ္မ်ားမ်ားကေတာ့ ရုိမန္႔တစ္ ဆန္တဲ့ကားေတြ ႀကိဳက္ၾကမယ္လုိ႔ထင္တယ္။ နန္းဆုလည္း ကုိရီးယားဇာတ္ကားေတြဆုိရင္ သေဘာက်တယ္။ နန္းဆုက လီမင္ဟုိကုိ ႀကိဳက္တာကုိး။ လီမင္ဟုိ ဇာတ္ကားေတြဆုိရင္ အျမဲတမ္းၾကည့္တယ္ေလ။ ဒါေပမယ့္ ကုိယ္က ကုိရီးယားသရုပ္ေဆာင္နဲ႔ တြဲၿပီးေတာ့ သရုပ္ေဆာင္လာရလိမ့္မယ္လုိ႔လည္း မေတြးခဲ့ဖူးဘူူူး’’ လို႔ ဆုိပါတယ္။

ကုိရီးယားမင္းသားေလးနဲ႔ေရာ၊ ထြန္းကုိကုိနဲ႔ပါ အခ်စ္ဇာတ္လမ္း ဆန္းဆန္းေလးမွာ ပါဝင္သရုပ္ေဆာင္ရမွာျဖစ္တယ္လုိ႔ နန္းဆုဦးက ေျပာပါတယ္။

‘’ ဒီလုိ အရမ္းခ်စ္ရတဲ့ ပုံစံကုိ ရုပ္ရွင္ဇာတ္ကားႀကီးအေနနဲ႔ တစ္ခါမွ မရိုက္ဖူးဘူး။ ရုိက္လည္းရုိက္ရေရာ မင္းသားႏွစ္ေယာက္နဲ႔လည္းျဖစ္တယ္။ ၿပီးေတာ့ တစ္ေယာက္က ကုိရီးယားက မင္းသားတစ္ေယာက္လည္းျဖစ္ေနတယ္ဆုိေတာ့ ဇာတ္လမ္းေလးကေတာ့ ဆန္းသြားတာေပါ့ေနာ္’’ လုိ႔ ‘’ရင္ဝွက္အကၡရာ’’ရုပ္ရွင္အထူးျပပြဲမွာ ေျဖဆုိခဲ့တာပါ။

Photo: Nan Su Oo

အဲဒီေနာက္ သူမ ပါဝင္သရုပ္ေဆာင္ရမယ့္ ရုပ္ရွင္ဇာတ္ကားကုိလည္း အရမ္းေလးစားခဲ့ရသူ ဒါရုိက္တာ ေအာင္ကုိလတ္က ရုိက္ကူးမွာျဖစ္တယ္လုိ႔ နန္းဆုဦးက ေျပာပါတယ္။

‘’ နန္းဆုကလည္း အရင္ကတည္းက ဒါရုိက္တာဦးေအာင္ကုိလတ္ကုိ ေလးစားအားက်ခဲ့ရတဲ့သူ တစ္ေယာက္ပါ။ အခုလုိ ဆုံျဖစ္မယ္လုိ႔လည္း တစ္ခါမွ ထင္မထားဘူူး။ ဘာေၾကာင့္လဲဆုိေတာ့ ဦးေအာင္ကုိလတ္က သူတကယ္ ဇာတ္ကားရုိက္လုိ႔ရွိရင္ သူရုိက္ခ်င္တဲ့ကားမ်ဳိးမွ ေရြးၿပီးေတာ့ ရုိက္တာဆုိေတာ့ေလ။ အခုလုိ အလုပ္အတူတူလုပ္ရမယ္ဆုိေတာ့ အရမ္းဝမ္းသာတယ္’’လို႔ သူကဆုိပါတယ္။

Photo: Nan Su Oo, Lee Min Ho

နန္းဆုဦးကုိေတာ့ ဗီဒီယုိဇာတ္ကားေတြကေနတဆင့္ ပရိသတ္စတင္အားေပးခဲ့ၾကတာျဖစ္ပါတယ္။ သူမဟာ ဗီဒီယုိဇာတ္ကားေပါင္းမ်ားစြာလည္းရုိက္ကူးထားသူျဖစ္ပါတယ္။ အဲဒီေနာက္ ရုပ္ရွင္ကားႀကီးေတြမွာလည္း ပါဝင္သရုပ္ေဆာင္ေနရသူပါ။ သူမရဲ႕ အႏုပညာသက္တမ္းကေတာ့ ၄ ႏွစ္ေက်ာ္ ၅ ႏွစ္ ရွိၿပီျဖစ္ပါတယ္။

Credit- Duwun

[Unicode Version]
နန်းဆုဦး တစ်ယောက် ကိုရီးယားမင်းသားလေး လီမင်ဟိုရဲ့ ပရိသတ်ဖြစ်ကြောင်းဝန်ခံပြောပြလာပါတယ်။ လက်ရှိမှာလည်း ကိုရီးယားနိုင်ငံက သရုပ်ဆောင်တစ်ဦးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာ တွေ့ရပါတယ်။

သရုပ်ဆောင် နန်းဆုဦးကတော့ ကိုရီးယားမင်းသားချောလေး လီမင်ဟိုရဲ့ ပရိသတ်တစ်ယောက်ပါတဲ့။ ဒါပေမယ့် လက်ရှိရိုက်ကူးနေတဲ့ ‘’ ရင်ဝှက်အက္ခရာ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကိုရီးယားမင်းသားတစ်ဦးနဲ့ တွဲသရုပ်ဆောင်ရမှာမို့ ဝမ်းသာနေတယ်လို့ မီဒီယာအင်တာဗျူးတွေကနေ ပြောပြခဲ့ပါတယ်။
‘’

မိန်းကလေးတော်တော်များများကတော့ ရိုမန့်တစ် ဆန်တဲ့ကားတွေ ကြိုက်ကြမယ်လို့ထင်တယ်။ နန်းဆုလည်း ကိုရီးယားဇာတ်ကားတွေဆိုရင် သဘောကျတယ်။ နန်းဆုက လီမင်ဟိုကို ကြိုက်တာကိုး။ လီမင်ဟို ဇာတ်ကားတွေဆိုရင် အမြဲတမ်းကြည့်တယ်လေ။ ဒါပေမယ့် ကိုယ်က ကိုရီးယားသရုပ်ဆောင်နဲ့ တွဲပြီးတော့ သရုပ်ဆောင်လာရလိမ့်မယ်လို့လည်း မတွေးခဲ့ဖူးဘူူူး’’ လို့ ဆိုပါတယ်။

ကိုရီးယားမင်းသားလေးနဲ့ရော၊ ထွန်းကိုကိုနဲ့ပါ အချစ်ဇာတ်လမ်း ဆန်းဆန်းလေးမှာ ပါဝင်သရုပ်ဆောင်ရမှာဖြစ်တယ်လို့ နန်းဆုဦးက ပြောပါတယ်။

‘’ ဒီလို အရမ်းချစ်ရတဲ့ ပုံစံကို ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ တစ်ခါမှ မရိုက်ဖူးဘူး။ ရိုက်လည်းရိုက်ရရော မင်းသားနှစ်ယောက်နဲ့လည်းဖြစ်တယ်။ ပြီးတော့ တစ်ယောက်က ကိုရီးယားက မင်းသားတစ်ယောက်လည်းဖြစ်နေတယ်ဆိုတော့ ဇာတ်လမ်းလေးကတော့ ဆန်းသွားတာပေါ့နော်’’ လို့ ‘’ရင်ဝှက်အက္ခရာ’’ရုပ်ရှင်အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Nan Su Oo

အဲဒီနောက် သူမ ပါဝင်သရုပ်ဆောင်ရမယ့် ရုပ်ရှင်ဇာတ်ကားကိုလည်း အရမ်းလေးစားခဲ့ရသူ ဒါရိုက်တာ အောင်ကိုလတ်က ရိုက်ကူးမှာဖြစ်တယ်လို့ နန်းဆုဦးက ပြောပါတယ်။

‘’ နန်းဆုကလည်း အရင်ကတည်းက ဒါရိုက်တာဦးအောင်ကိုလတ်ကို လေးစားအားကျခဲ့ရတဲ့သူ တစ်ယောက်ပါ။ အခုလို ဆုံဖြစ်မယ်လို့လည်း တစ်ခါမှ ထင်မထားဘူူး။ ဘာကြောင့်လဲဆိုတော့ ဦးအောင်ကိုလတ်က သူတကယ် ဇာတ်ကားရိုက်လို့ရှိရင် သူရိုက်ချင်တဲ့ကားမျိုးမှ ရွေးပြီးတော့ ရိုက်တာဆိုတော့လေ။ အခုလို အလုပ်အတူတူလုပ်ရမယ်ဆိုတော့ အရမ်းဝမ်းသာတယ်’’လို့ သူကဆိုပါတယ်။

Photo: Nan Su Oo, Lee Min Ho

နန်းဆုဦးကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာလည်းရိုက်ကူးထားသူဖြစ်ပါတယ်။ အဲဒီနောက် ရုပ်ရှင်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရသူပါ။ သူမရဲ့ အနုပညာသက်တမ်းကတော့ ၄ နှစ်ကျော် ၅ နှစ် ရှိပြီဖြစ်ပါတယ်။

Credit- Duwun