“မိန္းမဦးေရ မ်ားလြန္းတာေၾကာင့္ ေယာက်ာ္း တစ္ေယာက္မွာ ရည္းစား ၃ ေယာက္ စီ ႐ွိတဲ႔ျမိဳ႕”

Posted on

တစ္လင္တစ္မယားဓေလ့ဆိုတာ ကၽြန္ေတာ္တို ့လူ ့အဖြဲ ့အစည္း ရဲ့ အေျခခံအုတ္ျမစ္လို ျဖစ္ေနပါၿပီ။ဒါေပမယ့္ ကမ႓ာႀကီးရဲ့ တစ္ေနရာက တစ္ၿမိဳ ့ကေတာ့ အဆိုပါ ဓေလ့ ကို ေခ်ာင္ထဲ ထိုးထားလ်က္ရွိပါတယ္။

Dongguan ဆိုတဲ့ ၿမိဳ ့မွာ မိန္းမဦးေရ အဆမတန္မ်ားျပားေနတာေၾကာင့္ ေယာက္်ားအမ်ားစုဟာ မိန္းကေလးရည္းစား ႏွစ္ေယာက္၊သုံးေယာက္ အနည္းဆုံးရွိၾကပါတယ္။

တ႐ုတ္နိုင္ငံ ေတာင္ပိုင္း၊ Guangdong စီရင္စုက Dongguan ၿမိဳ ့ဟာ iPhone နဲ ့iPad လို နာမည္ႀကီး အီလက္ထေရာနစ္ပစၥည္းေတြရဲ့ အစိတ္အပိုင္းေတြကို ထုတ္လုပ္ေပးတဲ့အတြက္ နာမည္ႀကီးတဲ့ ၿမိဳ ့ေတာ္ျဖစ္ၿပီး ေဒသတြင္း စက္႐ုံေတြဟာ ေယာက်ၤားေတြဟာ စိတ္ခ်အားကိုးလို ့မရဘူးဆိုကာ မိန္းမေတြကိုသာ စက္႐ုံမွာ အဓိက ခန္ ့ထားလ်က္ရွိပါတယ္။

ဒီလိုနဲ ့Dongguan ဟာ ေယာက်္ား ဦးေရထက္ မိန္းမဦးေရက အဆမတန္မ်ားျပားေနၿပီး ေယာက်္ားတြဟာ အတိုအထြာ အလုပ္ေတြနဲ ့အခ်ိန္ပိုင္းက်ပန္း အလုပ္ေတြကိုပဲ လုပ္ကိုင္လ်က္ရွိကာ အခ်ိန္ေတြ အလၽွံပယ္ ပိုလ်က္ရွိပါတယ္။

တစ္ခ်ိဳ ့ေယာက်္ားေတြက တစ္ၿပိဳင္တည္းမွာ အတည္တက် ရည္းစား ႏွစ္ေယာက္၊သုံးေယာက္ ထားၾကေၾကာင္း ေဒသခံသတင္းဌာနတစ္ခုကို ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ ဒီမွာ ရည္းစားတစ္ေယာက္ရွာရတာက အလုပ္တစ္ခုရွာရတာထက္ ေတာ္ေတာ္ပိုလြယ္ပါတယ္” လို ့သတင္းဌာနကို ေျပာၾကားပါတယ္။ေယာက်္ား-မိန္းမ ဦးေရ မမၽွတမႈဟာ Dongguan ၿမိဳ ့ကို ‘ကာမၿမိဳ ့ေတာ္’ အျဖစ္ နာမည္တြင္ေစခဲ့ၿပီး ဒီၿမိဳ႕က မိန္းမ အမ်ားအျပားဟာ ခ်စ္သူရွိၿပီးသားသိသိနဲ ့အဆိုပါေယာက်္ားေတြနဲ ့ အခ်စ္ေရးပတ္သက္ဖို ့လိုလိုလားလား ရွိေနၾကပါတယ္။ ေရႊ ့ေျပာင္းစက္႐ုံ အလုပ္သမားတစ္ဦးျဖစ္တဲ့ Li Bin က အခုလိုေျပာျပပါတယ္။

“ ကၽြန္ေတာ့္မွာ ရည္းစား သုံးေယာက္ရွိတယ္။ သူတို ့အားလုံးတစ္ေယာက္နဲ ့တစ္ေယာက္လည္း သိၾကတယ္။ကၽြန္ေတာ့္ သူငယ္ခ်င္း အမ်ားစုလည္း ရည္းစားေတြ အမ်ားႀကီးရွိတယ္။

ဒီမွာ ငယ္ရြယ္ၿပီး အခ်စ္အေတြ ့အၾကဳံမရွိတဲ့ မိန္းကေလး အလုပ္သမေတြ အမ်ားႀကီးပဲ။ ကၽြန္ေတာ္တို ့စြမ္းေဆာင္နိုင္ရဲ့သားနဲ ့ဘာလို ့တစ္ေယာက္ပဲ ထားရမွာလဲဗ်။ ေပ်ာ္ဖို ့အတြက္ ဒီၿမိဳ ့ကို လူတိုင္းေရာက္ေနၾကတာေလ။ ခင္ဗ်ား မလုပ္ဘူးဆိုရင္ တျခားေယာက်္ား ေတြက လုပ္မွာပဲ”။

ၿမိဳ ့က မိန္းကေလးေတြဟာ အထီးက်န္ဆန္ရတာထက္ ဒီလိုေနရတာကို ပိုႏွစ္သက္ၾကတယ္လို ့ဆိုပါတယ္။ မိန္းကေလးအမ်ားစုဟာ တစ္ခ်ိန္မွာ ဇာတိကိုျပန္၊လက္ထပ္ၾကမွာျဖစ္ၿပီး ဒီ ‘ကာမၿမိဳ ့ေတာ္’ က သူတို ့ရဲ့ ဘဝဟာ ယာယီသေဘာ သက္သက္သာ ျဖစ္တယ္လို ့ဆိုပါတယ္။

Credit : မူရင္းေရးသားသူ

Unicode Version

တစ်လင်တစ်မယားဓလေ့ဆိုတာ ကျွန်တော်တို့လူ့အဖွဲ့အစည်း ရဲ့ အခြေခံအုတ်မြစ်လို ဖြစ်နေပါပြီ။ဒါပေမယ့် ကမ္ဘာကြီးရဲ့ တစ်နေရာက တစ်မြို့ကတော့ အဆိုပါ ဓလေ့ ကို ချောင်ထဲ ထိုးထားလျက်ရှိပါတယ်။

Dongguan ဆိုတဲ့ မြို့မှာ မိန်းမဦးရေ အဆမတန်များပြားနေတာကြောင့် ယောက်ျားအများစုဟာ မိန်းကလေးရည်းစား နှစ်ယောက်၊သုံးယောက် အနည်းဆုံးရှိကြပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း၊ Guangdong စီရင်စုက Dongguan မြို့ဟာ iPhone နဲ့iPad လို နာမည်ကြီး အီလက်ထရောနစ်ပစ္စည်းတွေရဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးတဲ့အတွက် နာမည်ကြီးတဲ့ မြို့တော်ဖြစ်ပြီး ဒေသတွင်း စက်ရုံတွေဟာ ယောင်္ကျားတွေဟာ စိတ်ချအားကိုးလို့မရဘူးဆိုကာ မိန်းမတွေကိုသာ စက်ရုံမှာ အဓိက ခန့်ထားလျက်ရှိပါတယ်။

ဒီလိုနဲ့Dongguan ဟာ ယောကျ်ား ဦးရေထက် မိန်းမဦးရေက အဆမတန်များပြားနေပြီး ယောကျ်ားတွဟာ အတိုအထွာ အလုပ်တွေနဲ့အချိန်ပိုင်းကျပန်း အလုပ်တွေကိုပဲ လုပ်ကိုင်လျက်ရှိကာ အချိန်တွေ အလျှံပယ် ပိုလျက်ရှိပါတယ်။

တစ်ချို့ယောကျ်ားတွေက တစ်ပြိုင်တည်းမှာ အတည်တကျ ရည်းစား နှစ်ယောက်၊သုံးယောက် ထားကြကြောင်း ဒေသခံသတင်းဌာနတစ်ခုကို ဝန်ခံပြောကြားခဲ့ပါတယ်။

“ ဒီမှာ ရည်းစားတစ်ယောက်ရှာရတာက အလုပ်တစ်ခုရှာရတာထက် တော်တော်ပိုလွယ်ပါတယ်” လို့သတင်းဌာနကို ပြောကြားပါတယ်။ယောကျ်ား-မိန်းမ ဦးရေ မမျှတမှုဟာ Dongguan မြို့ကို ‘ကာမမြို့တော်’ အဖြစ် နာမည်တွင်စေခဲ့ပြီး ဒီမြို့က မိန်းမ အများအပြားဟာ ချစ်သူရှိပြီးသားသိသိနဲ့အဆိုပါယောကျ်ားတွေနဲ့ အချစ်ရေးပတ်သက်ဖို့လိုလိုလားလား ရှိနေကြပါတယ်။ ရွှေ့ပြောင်းစက်ရုံ အလုပ်သမားတစ်ဦးဖြစ်တဲ့ Li Bin က အခုလိုပြောပြပါတယ်။

“ ကျွန်တော့်မှာ ရည်းစား သုံးယောက်ရှိတယ်။ သူတို့အားလုံးတစ်ယောက်နဲ့တစ်ယောက်လည်း သိကြတယ်။ကျွန်တော့် သူငယ်ချင်း အများစုလည်း ရည်းစားတွေ အများကြီးရှိတယ်။

ဒီမှာ ငယ်ရွယ်ပြီး အချစ်အတွေ့အကြုံမရှိတဲ့ မိန်းကလေး အလုပ်သမတွေ အများကြီးပဲ။ ကျွန်တော်တို့စွမ်းဆောင်နိုင်ရဲ့သားနဲ့ဘာလို့တစ်ယောက်ပဲ ထားရမှာလဲဗျ။ ပျော်ဖို့အတွက် ဒီမြို့ကို လူတိုင်းရောက်နေကြတာလေ။ ခင်ဗျား မလုပ်ဘူးဆိုရင် တခြားယောကျ်ား တွေက လုပ်မှာပဲ”။

မြို့က မိန်းကလေးတွေဟာ အထီးကျန်ဆန်ရတာထက် ဒီလိုနေရတာကို ပိုနှစ်သက်ကြတယ်လို့ဆိုပါတယ်။ မိန်းကလေးအများစုဟာ တစ်ချိန်မှာ ဇာတိကိုပြန်၊လက်ထပ်ကြမှာဖြစ်ပြီး ဒီ ‘ကာမမြို့တော်’ က သူတို့ရဲ့ ဘဝဟာ ယာယီသဘော သက်သက်သာ ဖြစ်တယ်လို့ဆိုပါတယ်။

Credit : မူရင်းရေးသားသူ