ရုပ်​ရှင်​ရုံထဲ က အဖြစ်အပျက်တစ်ခု

Posted on

ရုပ်​ရှင်​ရုံထဲ က အဖြစ်အပျက်တစ်ခု

” ဘူ ”

” ဟင်​ ”

အသံကြားလို့ လှည့်​ကြည့်​လိုက်​​တော့ ရုပ်​ရှင်​ရုံရဲ့ မီး​ရောင်​ ပြပြ​လေးအောက်​မှာ ငတိမ ရဲ့ မျက်​နှာ နီရဲ​နေတယ်​.. ဒါဆို​သေချာပါတယ်​ ဒင်းလက်​ချက်

ဟုတ်​တယ်​​လေ .. ရုပ်​ရှင်​ရုံထဲ ထိုင်​​နေတာမှကျုပ်​တို့ နှစ်​​ယောက်​တည်း .. ကျုပ်​ဖင်​ကမထွက်​တာ​တော့ လုံးဝ ​100%သေချာတယ်

ဒါ​ပေမဲ့လည်း ရည်းစားဖြစ်​ကာစ ဆို​တော့သူရှက်​သွားမှာစိုးလို့ဆိုပြီး မရှိ ရှိတဲ့ သတ္တဝါကိုရိုးချ​ပေးရတယ်

” ​တောက်​ .. မ​အေ​ဘေး ကြွက်​မသားလူကြားထဲ လာပြီး အီးလာ​ပေါက်​​နေတယ်​ ”

” ဟုတ်​ပ .. ​မောင်​​ရေ အဲဒါ​ကြောင့်​လည်းကြွက်​ဖြစ်​​နေတာ​ပေါ့ ”

” ငင့်​ ”

ဟုတ်​ပနဲ့​တောင်​ လာတိုး​နေ​သေးဒင်း ဖင်​သရမ်းတာ ကျုပ်​မသိဘူးများမှတ်​​နေလား မသိဘူး ..အလိုက်​ကန်းဆိုးမသိ ဝင်​​ထောက်​ခံ​နေ​သေးတယ်

အဲဒါကအ​ရေးမကြီးဘူး .. ရုတ်​တရက်​ကျုပ်​နှာ​ခေါင်းထဲကို စူးစူးဝါးဝါးအနံ့ကြီးထိုးဝင်​လာတယ်

” ​မောင်​ ”

” ​ပြော​လေ ချစ်​ ”

” ဟို ကြွက်​မသားက ဒညင်းသီး​တွေစားထားလား မသိဘူး​နော်​ ”

” ငှယ်​ ”

တော်​​တော်​ မျက်​နှာ​ပြောင်​ တိုက်​တဲ့မိန်းမ၃လ​လောက်​ ဝမ်းချုပ်​ခံပီး ဒညင်းသီးဆားရည်​စိမ်​​တွေ စားလာပုံ ရတယ်

ကျုပ်​မှာ မနည်း အသက်​​အောင့်​ပြီး ..မရှိတဲ့ ကြွက်​မသားကို ဆဲရပြန်​တယ်

” ငိုးမ ကြွက်​ .. အဲ့​လောက်​​တောင်​ နံရလားမိလို့က​တော့ ဖင်​ကို နုတ်​နုတ်​စင်းပစ်​မယ်​ ”

” ရှင်​ ”

ငတိမ လန့်​သွားပုံရတယ်​ ..လန့်​လည်း မတတ်​နိုင်​ဘူး အဲဒါမှလည်းဒင်း ​နောက်​တခါ မ​ပေါက်​ရဲမှာ​လေ

ပြောမဲ့သာ​ပြောရတယ်​ .. ကျုပ်​မှာ ၅မိနစ်​​လောက်​​ အီးဒဏ်​သင့်​ပြီး မူး​မေ့ချင်​သလိုဖြစ်​သွားတယ်​ ဒီလိုမှန်းသိ ရှူ​ဆေးဘူး​လေး ​ဆောင်​လာပါတယ်

အဲလိုနဲ့ ရုပ်​ရှင်​ဇာတ်​လမ်း တဝက်​​နား ရောက်​​တော့ ငတိမကကျုပ်​နားကပ်​ပြီး တိုးတိုး​လေးထပ်​လာ​ပြောတယ်

” ​မောင်​ ”

” ​ပြော​လေ ချစ်​ ”

” ဟို ကြွက်​မသား အီးထပ်​​ပေါက်​​တော့မယ်​ထင်​​တယ်​ ”

” ​သောက်​ကျိုးနည်း ”

အဲ​လောက်​ဆို ကျုပ်​က သိလိုက်​ပြီ ငတိမ ဖင်​က ထပ်​​ဆော်​​​တော့မယ်​ နှစ်​ခါ​တော့ မရဘူး .. ​ခေတ္တ ​ရှောင်​​နေမှ ဖြစ်​မယ်​ ဆိုပြီး ထ​ပြေးမယ်​ လုပ်​​တော့

” ​မောင်​ .. ဘယ်​လဲ ”

” ရှူ​ဆေး​လေး ​ပြေးဝယ်​မလို့ ”

” ချစ်​လည်း လိုက်​မယ်​ ”

” ဟင့်​အင်း .. လိုက်​နဲ့ ”

” မရဘူး လိုက်​မှာပဲ ”

” လိုက်​ပါနဲ့ဆို ”

” မရဘူး .. လိုက်​မယ်​ ”

” ဘူ ….. ”

” ဟာ ”

ဒီတခါ​တော့ ဒင်းငြင်းလို့ မရ​တော့ဘူးအသံကျယ်​တဲ့အပြင်​ အီး​ကြောကလည်း ရှည်​​သေးတယ်​​လေ

ဒါ​တောင်​ ငတိမက ငြင်းဖို့ ကြံ​သေးတယ်

” ဟို ကြွက်​မသား ”

” ဘာ ကြွက်​မသားလည်း .. ​ချစ်​​အောက်​နားတင်​အသံထွက်​သွားတာကို ​မောင့်​နားနဲ့ ဆတ်​ဆတ်​ ကြားခဲ့ရတာပါကွာ ”

ဆို​တော့မှ ငတိမ ရှက်​ပြီး ​ခေါင်းငုံ့သွားတယ်​ အဲလိုကျ​တော့လည်း ကျုပ်​က သနားမိပြန်​​ရော သနားလည်း မတတ်​နိုင်​ဘူး​လေ

အနံ့ကလည်း ရ​နေပြီဆို​တော့ ရှူ​ဆေးဗူး​လေး ​ပြေးဝယ်​မယ်​ဆိုပြီး ထထွက်​​တော့ ငတိမက ကျုပ်​လက်​ကို လှမ်းဆွဲပြီး ..

” ​မောင်​ ”

” ​ပြောပါ ချစ်​ ”

” ​မောင်​သာ တကယ်​ချစ်​တယ်​ဆိုရင်​ ဒီအနံ့ကို ​မောင်​ခံနိုင်​ရမယ်​ မဟုတ်​လား ”

” ငင်​.. ”

” ​မောင်​ပဲ ချစ်​တယ်​ဆို .. ရှူ​လေ ”

” ဟယ်​ ”

” မရှူရဲရင်​ ​မောင်​ မချစ်​လို့ပဲ ”

” မြတ်​စွာဘုရား ”

မတတ်​နိုင်​ဘူး ကျုပ်​​တော့ ရှူမှ ဖြစ်​​တော့မယ်​ ရှိတာမှ ဒီရည်းစားတစ်​​ယောက်​တည်း​ဆို​တော့ ငတိမကို သက်​​သေပြတဲ့အ​နေနဲ့ သူ့​ရှေ့မှာတင်​ .. 

မျက်​လုံးကိုစုံမှိတ်​လိုက်​တယ်​ ပြီးတာနဲ့ တပြိုင်​နက်​ထဲ ခေါင်းကို​မော့ ရင်​ကို​ကော့လိုက်​ပြီး တ​​လောကလုံးက ​လေ​တွေကို နှာ​ခေါင်းထဲ ရှူသွင်းလိုက်​တယ်​ ..

” ရှူး .. ”

ပြီး​တော့ ငတိမက ​မေး​သေးတယ်

” ​မွှေးလားဟင်​ ”

” ဝုတ်​ .. အဲ​လေ ဟုတ်​ ”

” ချစ်​လိုက်​တာ ​မောင်​ရယ်​ ”

” ငှယ်​ ”

မ​မွှေးဘူး​ပြောလို့လည်း မရဘူး​လေ ​တော်​ကြာ မ​ကျေနပ်​လို့ထပ်​ရှူခိုင်း​နေမှ ​သောက်​ဂွ

နောက်​ဆုံး ရုပ်​ရှင်​သာပြီးသွားတယ်​ ဘာမှန်း​တောင်​ မသိလိုက်​ပါဘူး .. ငတိမကလည်း ကျုပ်​ခွင့်​လွှတ်​မှန်း သိသွား​တော့တဘူဘူနဲ့ လွှတ်​​ဆော်​​တာဗျာ

ရုပ်​ရှင်​ပြီးလို့ အိမ်​ပြန်​​တော့လည်း အိမ်​​ရောက်​တဲ့ထိ အနံ့က ကပ်​ပါလာ​သေးတယ်​ ညအိပ်​​တော့လည်း လန့်​ပြီး ထ​ယောင်​တယ်​ ​နောက်​တရက်​ကျ ဖျားပါ​လေ​ရော ..

အဲဒီအချိန်​က စလို့ ကျုပ်​မှာ ဘယ်သွားသွား အိတ်​ကပ်​ထဲ ရှူ​ဆေး သုံးဗူး​လောက်​​တော့ အသာ​လေးပါတယ်​အခု​တော့လည်း ​နေသားကျသွားပါပြီ ခများတို့လည်း ​သေချာ မှတ်​ထား ..

အချစ်​မှာ အနံ့မရှိဘူးတဲ့ ကိုယ်​သာတကယ်​ချစ်​ရင်​ ချစ်​သူအီးလည်း ​ မွှေးနိုင်​ရမယ်​ .. မှတ်​​နော်​ မှတ်​ ကျုပ်​​ပြော​နေကြစကားလိုပဲ .. အံ့သြဘ !

Credit . . . စိန်​​သောင်း