ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ရဲ့ မျက်နှာကို YBS 6 က အိုးမည်းသုတ်လိုက်ပြီ

Posted on

ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ရဲ့ မျက်နှာကို အိုးမည်းသုတ်လိုက်တဲ့ YBS 6

YBS 6 လှိုင်သာယာ ဒဂုံဧရာအဝေးပြေး ဂိတ်စမှာ ဖြစ်ပျက်ခဲ့တာ

19-May-2019 1:19PM လောက်မှာ YBS 6 စီးဖို့ ကားပေါ်တက်ပါတယ်။ ခုံအားလုံးနီးပါး လူပြည့်နေပါပြီ။ ကားဒရိုင်ဘာမှ လူအားလုံးရဲ့ ယာဉ်စီးခကို ပိုက်ဆံဘုံးထဲ အထည့်မခံပဲ သူလက်နဲ့ အကုန်ယူထားပါတယ်။

ကျွန်မက ကားခ ၂၀၀တန်ကို ပိုက်ဆံဘုံးထဲ ထည့်မယ်လုပ်တော့ အထည့်မခံပါဘူး။ ကျွန်မလည်း ၃ခါလောက် ငြင်းပြီး ပိုက်ဆံဘုံးထဲပဲ ထည့်လိုက်ပါတယ်။

ကျွန်မ ထိုင်ခုံကို ထိုင်မယ်အလုပ်မှာ ငါတို့ဒီတစ်ယောက်ကြောင့် အတိုင်မခံနိုင်ဘူး ပြောသံကြားလိုက်ပါတယ်၊ ပြီးတော့ ကျွန်မကိုလာပြီး အစ်မပိုက်ဆံ ၂၀၀ ပြန်ယူပါ ကားပေါ်က ဆင်းသွားပြီး နောက်တစ်ခြားကားကို ပြောင်းစီးပါ ပြောပါတယ်.

ပိုက်ဆံဘုံးစနစ်ထဲ ထည့်စီးတဲ့ ကျွန်မကို ကားပေါ်က နှင်ချပါတယ်။ ကားပေါ်က လူအားလုံးလဲ ကြည့်နေကြပါတယ်။ ဂိတ်စက ဂိတ်မှာထိုင်နေကြတဲ့ ybs တာန်ရှိသူများလဲ သိပါတယ်။ မြေပြင်မှ လူခေါ်နေတဲ့ သူလဲ သိပါတယ်.

ကျွန်မက ရတယ် မစီးဘူး တိုင်မယ် ဓါတ်ပုံရိုက်ယူပါမယ်လို့ ပြောပြီး လူပုံ ကားနံပါတ် ကို ဓါတ်ပုံရိုက်ယူခဲ့ပါတယ်၊ ဓါတ်ပုံ ရိုက်ချိန်က 1:21PM ပါ။သူတို့က ပြောပါတယ်။ ကျွန်တော်တို့က နောက်လူကို ငွေပြန်အမ်းဖို့ပါတဲ့ အစ်မက ဘာဖြစ်တာ လဲတဲ့ မေးပါတယ်။

တန်ရာတန်ကြေး ဘုံးထဲထည့်တယ်။ ဒါကို ဆင်းခိုင်းတယ် နောက်အခြားကား ပြောင်းစီးပါ ပြောတယ်။ အဲအတွက် တိုင်ပါမယ်လို့ ပြောခဲ့ပါတယ်.

အခြား သူတို့ကားတွေ ဂိတ်အတူတူပဲမို့ မစီးတော့ပဲ taxi ပဲ ငှားစီးခဲ့ပါတော့တယ်။ Taxi driver ကပြောပါတယ် omni focus ကားတွေက တိုင်ရင် တကယ်အရေးယူပြီး Ybs 6 တွေက ဦးပိုင်ဖြစ်ပြီး လူရမ်းကားတွေများကြောင်း အရေး မယူ ကြောင်း ပြောပါတယ်။

ဒီလို လူရမ်းကား စည်းမဲ့ကမ်းမဲ့ စရိုက်ဆန်မှု့နဲ့ သူတွေကို အရေးယူစေချင်မိပါတယ်၊။ မင်းမဲ့ စရိုက်ဆန်လွန်းပါတယ် ကျွန်မကိုယ်တိုင်ဖြစ်ပျက်ခဲ့တာပါ။ အမှန်အကန်ဖြစ်ကြောင်း အာမခံပါတယ်.

ဘယ်ကို ဘယ်သူ့ဆီ တိုင်ရမယ်လဲ မသိ၊ တကယ်ပဲ အရေးယူမယ် မယူဘူး မသိ့နိုင်ပါဘူး။ ခေတ်တွေ တိုးတက်ဖို့ လူအကျင့်တွေကို ပြင်ဖို့ အဓိကကျပါတယ်

ကွီးဖြိုးဆိုတာလဲ သူ့ထိမှ နာတတ်တာမျိုး၊ ကျန်တာ အေးဆေးပဲ မလှုပ်ဘူး။ သူ့လဲ အားကိုးလို့မရဘူး။ Daw Nan Yu NL